Android ဖုန်းများအတွက် အသင့်တော်ဆုံး English-Myanmar Dictionary App နှစ်ခု

ဖုန်းတစ်လုံးရဲ့ မရှိမဖြစ် ထည့်သွင်းထားသင့်သော App ထဲမှာ Dictionary App လည်း အပါအ၀င် ဖြစ်ပါတယ်။ ရွေးချယ်စရာ Dictionary App များထဲမှ အသင့်တော်ဆုံး App နှစ်ခုကို ဖော်ပြလိုက်ပါတယ်။

1.Eng-Myanmar Dictionary

ဒီ App ကတော့ Android ဖုန်း သုံးတဲ့သူတွေ မဖြစ်မနေ ထည့်သွင်း ထားသင့်သော App တစ်ခုပဲ ဖြစ်ပါတယ်။

App ရဲ့အားသာချက်တွေကတော

Ads မပါခြင်း

Internet ဖွင့်ပြီးသုံးတဲ့ အချိန်မှာ Ads မပါခြင်းက မျက်စိနောက် သက်သာပါတယ်။

စကားလုံးများ link ချိတ်ထားခြင်း

မိမိရှာနေသော စကားလုံးများကို အဆင့်ဆင့် လွယ်ကူစွာ ချိတ်ဆက် ထားပါတယ်။

နမူနာ usage များပါခြင်း

မိမိရှာလိုက်သော စကားလုံးကို မည်သို့ အသုံးပြုရမလဲ ဆိုတာကို ၀ါကျများဖြင့် နမူနာ ဖော်ပြထားပါတယ်။

Synonym များဖော်ပြထားခြင်း

ကြောင်းတူသံကွဲ Synonym များ ကိုလည်း ဖော်ပြထားပေး ထားပါတယ်။

Download >> Apkpure PlayStore

2. Eng-Mm Dictionary

ဒုတိယအနေ ဖြင့် ထည့်သွင်းထားသင့်သော App ရဲ့

အားသာချက်များ ကတော့

အင်္ဂလိပ်(သို့)မြန်မာစာလုံး ဖြင့်ရှာလို့ရခြင်း

ဒီအားသာချက်ကတော့ မိမိ ရှာလိုသော စကားလုံးကို မြန်မာလို (သို့) အင်္ဂလိပ်လိုဖြင့် လွယ်ကူစွာရှာဖွေလို့ရပါတယ်။

မြန်မာလိုပဲ သိပြီး အင်္ဂလိပ်လို သိချင်တဲ့ အချိန်တွင် အလွန်သင့်တော်သော Feature တစ်ခုပဲ ဖြစ်ပါတယ်

Clipboard Function or Font Converter

အလွန်အသုံးဝင်တဲ့ Feature တစ်ခုပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စာ ဖတ်နေရင်း ဘာသာပြန်ချင်တဲ့အခါ (သို့) မြန်မာစာများကို Unicode or Zawgyi ပြောင်းချင်တဲ့အခါ အလွယ်တကူ Copy ကူးပြီး ပြောင်းနိုင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။

နမူနာ usage များပါခြင်း

မိမိရှာလိုက်သော စကားလုံးကို မည်သို့ အသုံးပြုရမလဲ ဆိုတာကို ၀ါကျများဖြင့် နမူနာ ဖော်ပြထားပါတယ်။

မှတ်ချက်။ ။ အင်တာနက်ဖွင့်ထားရန်လိုအပ်ပါတယ်

Synonyms or Antonyms ပါရှိခြင်း

ကြောင်းတူသံကွဲ(Synonym) များ နှင့် ဆန့်ကျင်ဘက်စကားလုံး (Antonyms) များပါရှိခြင်း

မှတ်ချက်။ ။ အင်တာနက်ဖွင့်ထားရန်လိုအပ်ပါတယ်

အင်္ဂလိပ်စာလေ့လာမယ် နှင့် ဥာဏ်စမ်းကစားမယ် များပါခြင်း

အင်္ဂလိပ်စာ တိုးတတ်ရန်အတွက် Game များ၊နမူနာ Speaking များပါရှိခြင်း

Download >> Apkpure PlayStore

IDEAL Hub တွင်​​ရေးသား​ဖော်​ပြထား​သော သင်​ခန်းစာများ၊​ဆောင်းပါးများကို Website များ Facebook Page များ ​ပေါ်တွင်​ ကူးယူ​ဖော်​ပြခွင့်​မပြု​ကြောင်း
လေးစားစွာဖြင့်​ အသိ​ပေးအပ်​ပါသည်​။

Post Author: IDEAL Hub