Android ဖုန်းတစ်လုံးကို Factory Rest မချမှီ မဖြစ်မနေ ပြုလုပ်ထားသင့်သော အချက် သုံးချက်

တစ်ခါတစ်လေ ဖုန်းစက်လေး နေတာပဲဖြစ်ဖြစ် Storage Full နေတာပဲ ဖြစ်ဖြစ်

Factory Rest မချမှီ ကြိုတင် ပြုလုပ်ထားသင့်သော အချက်များ

  1. ဖုန်း နံပါတ်များအား သိမ်းဆည်းခြင်း (Backup Contact)
  2. ကင်မရာနဲ့ ရိုက်ထားသော ပုံများအား သိမ်းဆည်းခြင်း (Backup Photo)
  3. မိမိ Sign In ၀င်ထားသော Account များအား Sign Out ပြုလုပ်ခြင်း (Remove Gamil,Mi Account,etc)

1.ဖုန်း နံပါတ်များအား သိမ်းဆည်းခြင်း (Backup Contact)

မည်သည့် ဖုန်းအမျိုးအစားပဲ ကိုင်ကိုင် ဖုန်းနံပါတ်များကို မပျောက်မပျက်အောင် အမြဲတမ်း ထိန်းသိမ်းထား သင့်ပါတယ်

တချို့ကတော့ Sim ကဒ်ထဲမှာ မှတ်ထားပြီး Sim ကဒ်ထည့်လိုက်တာနဲ့ ဆင်သင့်သုံးလို့ရအောင် သိမ်းထားလေ့ ရှိကျပါတယ်

Simကဒ် ထဲမှာ သိမ်းထားရင်တော့

-နာမ်မည် အရှည်ကြီး မှတ်လို့မရခြင်း

-ဖုန်းနံပါတ် အရေအတွက် အကန့်အသတ် ရှိခြင်း

-ဓါတ်ပုံများ ထည့်လို့ မရခြင်း

စသည့် အားနည်းချက်များကြောင့် တစ်ချို့ကတော့ ဖုန်းထဲမှာပဲ သိမ်းထားလေ့ ရှိကျပါတယ်

Factory Reset ချလိုက်ပါက ဖုန်းထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ ပျောက်သွားမှာပါ
(Sim ကဒ်ထဲမှာ ထည့်ထားရင်တော့ပျောက်မှာ မဟုတ်ပါဘူး)

Export to Storage ဆိုပြီး ဖုန်းနံပါတ် များ ပါသော vcf ဖိုင်ကို ဖုန်းရဲ့ Internal Storage or External Storage ထဲမှာ သိမ်းထားနိုင်ပါတယ်

Contact လို App နဲ့လည်း Backup လုပ်ထားနိုင်ပါတယ်

2.ကင်မရာနဲ့ ရိုက်ထားသော ပုံများအား သိမ်းဆည်းခြင်း (Backup Photo)

Factory Reset မချခင် အမှတ်တရ ရိုက်ထားသော (သို့) အရေးကြီးသော ပုံများကို သိမ်းဆည်းထားသင့်ပါတယ်

မိမိ ကိုင်သောဖုန်းဟာ SD Card ထည့်လို့ရပါက

Internal Storage>DICM>Camera ထဲမှ ဓာတ်ပုံ များကို SD Card ထဲသို့ရွေ့ထားသင့်ပါတယ်

SD Card ထည့်လို့မရပါ

-ဓါတ်ပုံများကို ကွန်ပျူတာ ပေါ်သို့ ကူးယူထားခြင်း

Zaypa ဖြင့် တခြားဖုန်း တစ်လုံးသို့ ခေတ္တ ကူးယူးထားခြင်း တို့ကို လုပ်သင့်ပါတယ်

3.မိမိ Sing In ၀င်ထားသော Account များအား Sign Out ပြုလုပ်ခြင်း (Remove Gamil,Mi Account,etc)

Android ဟာ Version 5.1 နှင့်အထက် ဖုန်းများမှာ FRP(Factory Reset Protection) စနစ် ကို မိတ်ဆက်ပေးခဲ့ပါတယ်

Gmail Account ၀င်သောဖုန်းကို Factory Rest ချလိုက်ပါက မိမိဝင်ထားသော Gamil Account ဖြင့်ပြန်ဝင်မှတာ ဖုန်းကို ပြန်လည် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်

အကယ်၍ မိမိ ဖုန်းမှာ Gamil Account ကို Sign In ၀င်ထားပါက

Factory Reset မချမှီ Sign Out or Remove မဖြစ်မနေ လုပ်ထားပေးဖို့လိုအပ်ပါတယ်

Mi Cloud လို Cloud Service အသုံးပြုသူများ အနေဖြင့်လည်း ကြိုတင် Sign Out or Remove လုပ်ထားပေးဖို့ လိုအပ်ပါတယ်

IDEAL Hub တွင်​​ရေးသား​ဖော်​ပြထား​သော သင်​ခန်းစာများ၊​ဆောင်းပါးများကို Website များ Facebook Page များ ​ပေါ်တွင်​ ကူးယူ​ဖော်​ပြခွင့်​မပြု​ကြောင်း
လေးစားစွာဖြင့်​ အသိ​ပေးအပ်​ပါသည်​။

Post Author: IDEAL Hub